Loading. Please wait...
Welcome to MyCar's Privacy Policy
MyCar တွင် ရောင်းချသူများသည်
- Mycar တွင် ကားအရောင်းတင်ခွင့် Account ဖွင့်လှစ်ပြီးသူ ဖြစ်ရမည်။
- ကိုယ်ပိုင်အကောင့်ဖွင့်လှစ်ပြီးပါက အသုံးပြုသောလျှို့ဝှက်ကုဒ်ကို မှတ်သားထိမ်းသိမ်းထားရန် လိုအပ်ပါသည်။
- မိမိရောင်းချလိုသောကားအတွက် ဖြည့်စွက်ပေးရန်လိုအပ်သော အချက်အလက်များကို ပြည့်စုံစွာဖော်ပြပေးရမည်။ အဆိုပါအချက်အလက်များနှင့်ပတ်သက်ပြီး ခိုင်မာမှန်ကန်မှုရှိစေရန် အပြည့်အဝတာဝန်ယူပေးရမည်။
- ရောင်းချလိုသူသည် ကား၏ ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များနှင့် ပြည့်စုံသူဖြစ်ရမည်။
MyCar အနေဖြင့် ရောင်းချသူများတင်ထားသော အရောင်းပို့စ်များကို အောက်ပါအခြေအနေများတွင် ဖယ်ရှားခွင့်ရှိသည်။
- အခြားသူ၏ Intellectual Property Right ကို ညှိစွန်းနေခြင်း
- ရောင်းချလိုသောကားနှင့်မသက်ဆိုင်သောအချက်အလက်များပါရှိခြင်း
- အတုအယောင်ပြုလုပ်တင်ပြခြင်း
-
အကောင့်များခွဲ၍ အရောင်းပို့စ်ကိုထပ်မံတင်ခြင်
- ပြည့်စုံမှန်ကန်မှုမရှိသော အချက်အလက်များကိုသာဖော်ပြထားခြင်း
- မမှန်ကန်သော အချက်အလက်များ ပါရှိနေခြင်း
- ပိုင်ဆိုင်မှုဆိုင်ရာ အရှုပ်ရှင်းရှိနေခြင်း
ပိုင်ဆိုင်ခွင့်
- သင်သည် ဥပဒေကြောင်းအရ ကားအရောင်းအဝယ်စာချုပ်ချုပ်ဆိုနိုင်သူဖြစ်ရမည်။
- သင်သည် ရောင်းချလိုသောကားကို ဥပဒေကြောင်းအရ အရှုပ်အရှင်းမရှိ ပိုင်ဆိုင်ခွင့်ရှိသူ ဖြစ်ပြီးဖြစ်ကာ ပေါင်နှံထားခြင်း၊ ခွဲဝေပိုင်ဆိုင်ခြင်း မရှိခြင်းဘဲ ရောင်းချခွင့်ရှိသူဖြစ်ရမည်။
- ရောင်းချသူသည် ရောင်းချမည့်ကားနှင့် ပတ်သက်သည့် ပိုင်ဆိုင်ခွင့် အရှုပ်အရှင်းအားလုံးကို ကားအား မလွှဲပြောင်းမီ အပြီးသတ်ရှင်းပေးရမည်။
Terms of Use
- ကားရောင်းချသူများသည် Mycar ဆိုဒ်ပေါ်တွင် တင်သည့်ရက်မှ ရောင်းပြီးကြောင်း မပြောင်းလဲခင်အထိ အရောင်းကား ရှိနေရမည် ဖြစ်သည်။
- ကားရောင်းချသူများသည် မိမိတို့ account ၏ username နှင့် password တို့ကို ကိုယ်တိုင်မှတ်ထားရပါမည်။
- ကားရောင်းချသူတင်သူများသည် အချက်အလက် အတိအကျနှင့် ပြည့်စုံသော ကြော်ငြာများကိုသာ ကြော်ငြာရပါမည်။ အချို့ကြော်ငြာများအား Mycar မှ သင့်တော်သလို ပြင်ဆင်ခွင့်ရှိပါသည်။ ဥပမာ Brand သာပါပြီး ကားအမျိုးအစား၊ နာမည် မပါသော ကြော်ငြာများကို ပုံတွင်ဖော်ပြထားသည် အချက်အလက်အား ပြန်လည်စစ်ဆေးက ပြင်ဆင်ပေး ခွင့်ရှိသည်။
-
Customer မှ ဝယ်ယူသောအချိန်မှ အချက်အလက်များ မှားယွင်းမှုရှိကြောင်း၊ လွဲမှားနေကြောင်းတွေ့ရှိပါက ရောင်းချလိုသူမှ Customer စိတ်ကျေနပ်သည်အထိ ဖြေရှင်းပေးရမည်။
- အခြားကားရောင်းချသူများကို ဖယ်ရှားပေးရန် မည်သည့်တောင်းဆိုမှုများကိုမဆို အကြောင်းမခိုင်လုံပါက Mycar မှ ငြင်းပယ်ခွင့်ရှိသည်။
- ကားရောင်းချသူများတွင် မည်သည့် URL (website address) ကိုမှ ထည့်သွင်းခွင့်မရှိပါ။ အကယ်၍ တွေ့ရှိပါက Mycar မှဖယ်ရှားပိုင်ခွင့်ရှိပါသည်။
- ကားရောင်းရန် ကြော်ငြာနှင့် မပတ်သက်သော ဓါတ်ပုံများ၊ စာသားများပါရှိသော အခြားအရောင်းကြော်ငြာများကို Mycar မှဖယ်ရှားပိုင်ခွင့်ရှိပါသည်။
- နောက်ပြောင်၍ တင်ထားသော ကြော်ငြာများအဖြစ် စုံစမ်းသိရှိပါက Mycar အနေဖြင့် ထိုကြော်ငြာများအား ပယ်ဖျက်ခွင့်ရှိပါသည်။
- အရေးကြီးသော အချက်အလက်များဖြစ်သည့် ထုတ်လုပ်သည့်ခုနှစ်၊ ကားမော်ဒယ်အမျိုးအစား၊ ဈေးနှုန်း စသည်တို့ မပါရှိသော ကားရောင်းချသူများကို Mycar မှဖယ်ရှားနိုင်ပါသည်။
- ကားရောင်းချသူများသည် မြန်မာနိုင်ငံ အတွက်သာဖြစ်ပြီး မြန်မာနိုင်ငံနှင့် မသက်ဆိုင်သော ကားရောင်းချသူများကို Mycar မှလက်ခံမည်မဟုတ်ပါ။ အဆိုပါ ကားများကို Mycar ၏ QC Team မှ ဖယ်ရှား သွားမည်လည်း ဖြစ်ပါသည်။
- Mycar တွင်ရှိသော အရောင်းကားများ၏ အချက်အလက်တိကျ မှန်ကန်မှုကို အရောင်းတင်သောသူများမှ တာဝန်အပြည့်ယူရမည်ဖြစ်ပြီး အချက်အလက်များ မှားယွင်းမှုရှိကြောင်း စစ်ဆေးတွေ့ရှိပါက အဆိုပါ ကားများကို Mycar Website တွင် ဆက်လက်ဖော်ပြခွင့်ပြုမည်မဟုတ်ဘဲ QC Team မှ ဖယ်ရှား သွားမည်ဖြစ်ပါသည်။
-
ကားရောင်းချသူတင်သူများအနေဖြင့် မူပိုင်ခွင့်နှင့် ညိစွန်းသော အချက်အလက်များနှင့် ဓါတ်ပုံများကို တင်ခွင့်မရှိပါ။ အကယ်၍ ထိုသို့သော ကားရောင်းချသူများကို တွေ့ရှိပါက Mycar မှဖယ်ရှားခွင့်ရှိပါသည်။
- ကားရောင်းချသူများ အနေဖြင့် အမှန်တကယ်ရောင်းချမည့် ကား၏ ဓါတ်ပုံများကိုသာ တင်ရပါမည်။ အကယ်၍ ကား၏ အချက်အလက်များဖြစ်သည့် ထုတ်လုပ်သည့်ခုနှစ်၊ ကားမော်ဒယ်အမျိုးအစား သည် ကားရောင်းချသူတွင်ပါသော ဓါတ်ပုံနှင့် တူညီခြင်းမရှိဟု တွေ့ရှိရပါက Mycar QC Team မှ ထိုကြော်ငြာများကို ဖယ်ရှားသွားပါမည်။
- ကားအမျိုးအစား၊ ကားမော်ဒယ်၊ CIF/နံပါတ်၊ ပုံစံ၊ အရောင်၊ ကီလို၊ ဆက်သွယ်ရန်ဖုန်းနံပါတ် နှင့် အခြားအချက်အလက်များ ထပ်တူထပ်မျှဖြစ်သော ကား (၂) စီးနှင့်အထက် တင်ပါက Mycar မှဖယ်ရှားပိုင်ခွင့်နှင့် User အဖြစ်မှ ထုတ်ပယ်ခွင့်ရှိသည်။
- အထက်ပါအတိုင်း ထပ်တူထပ်မျှဖြစ်သော ကား (၂)စီးနှင့်အထက်ကို မတူညီသော User Account များနှင့်တင်ပါက Mycar မှဖယ်ရှားပိုင်ခွင့်နှင့် User အဖြစ်မှ ထုတ်ပယ်ခွင့်ရှိသည်။
-
အထက်ပါ အချက်အလက်များသည် အခြေနေပေါ်မူတည်၍ အပြောင်းအလဲ ရှိနိုင်ပါသည်။ ပြောင်းလဲသော စည်းမျဉ်းကိုလည်း အခါးအားလျော်စွာ Website တွင် ဖော်ပြပေးသွားပါမည်။
Mycar မှ ပေးအပ်နေသော ဝန်ဆောင်မှုများအပေါ် အကြံပြုလိုမှုများ ရှိပါက sale@mycar.com.mm သို့ အချိန်မရွေးဆက်သွယ်နိုင်ပါသည်