Loading. Please wait...

About Us

Yammobots Co., Ltd



Yammobots ကုမ္ပဏီသည် မြန်မာနိုင်ငံ အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်ကာ ၂၀၁၂ ခုနှစ်မှ စတင်၍ နည်းပညာဈေးကွက်ထဲသို့ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ၏ နည်းပညာနယ်ပယ်တွင် ဦးဆောင်အောင်မြင်နေသော စွန်ဦးတီထွင် ကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား နည်းပညာကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသော ကုမ္ပဏီတစ်ခုဖြစ်ခြင်းကြောင့် အခြားသော ပြည်တွင်း နည်းပညာကုမ္ပဏီများနှင့် မတူကွဲပြားလှပါတယ်။ နည်းပညာကျွမ်းကျင်သူများကို In-house ပုံစံဖြင့် လုပ်ကိုင် နေသည့်အတွက် နည်းပညာနှင့် ပတ်သက်လာသော အခက်အခဲများကို ခဏအတွင်း ဖြေရှင်းနိုင်ခြင်းကြောင့် လက်ရှိ မြန်မာနိုင်ငံ IT နယ်ပယ်တွင် နာမည်ကောင်းရရှိနေသော ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေနိုင်ခြင်းလည်း ဖြစ်ပါတယ်။ Yammobots အနေနှင့်လည်း လက်ရှိတွင် မြန်မာနိုင်ငံ၏ ရုပ်ရှင်ရုံများတွင် Facebook Messenger Chat Bot ဖြင့် လက်မှတ် ဝယ်ယူနိုင်သည့် ဝန်ဆောင်မှုမှာ လူအသုံးပြုမှု အများဆုံးဝန်ဆောင်မှု စွန့်ဦးတီထွင်လုပ်ငန်းအဖြစ် ရပ်တည်နေပြီး အခြားသော ဝန်ဆောင်မှုများဖြစ်သည့် လေယာဉ်လက်မှတ်ရောင်းချသည့် Messenger Bot စနစ်၊ စာအုပ်ရောင်းချသည့် Messenger Bot စနစ်၊ ဆရာဝန် Online Booking စနစ်၊ ဘောလုံးပွဲ လက်မှတ် Online Booking စနစ်နှင့် Messenger Bot အပြင် အခြား Android app , iOS app များ Web Application များပါ တစ်ပါတည်း ဝန်ဆောင်မှု (All in one solution) ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

Mycar.com.mm

Mycar.com.mm သည်လည်း လက်ရှိတွင် Ecosystem ကောင်းမွန်အောင် ကျိုးပမ်းနေသော Yammobots ကုမ္ပဏီ၏ မြန်မာနိုင်ငံ ကားဈေးကွက်ကို ဝန်ဆောင်မှု ပေးသွားမည့် Website တစ်ခုဖြစ်သည်။ နည်းပညာအထူးပြု ကုမ္ပဏီ တစ်ခုမှ ဖန်တီးလိုက်သည့် Website တစ်ခုဖြစ်ခြင်းကြောင့် Yammobots ပိုင် အခြားသော ကုမ္ပဏီတို့၏ အစုအဖွဲ့အင်အားကို အသုံးပြုကာ ပြည်တွင်း၌ လွယ်လင့်တကူ ကားရှာဖွေရေး Website တစ်ခုအဖြစ်ကို ဖန်တီးနိုင်ရန် ရည်ရွယ်ထားပါတယ်။ Mycar.com.mm သည် ပြည်တွင်းရှိ အခြားသော Automotive Website များနှင့် မတူသည်မှာ ကားအရောင်း အဝယ် ဝန်ဆောင်မှုအတွက် Products များကို ဖန်တီးရာတွင် Website, Smart Phone Apps (Android, IOS) အပြင် မြန်မာနိုင်ငံတွင် အသုံးပြုမှုအများဆုံးဖြစ်သည့် Facebook Messenger ကို အသုံးပြုကာ မိမိကြိုက်နှစ်သက်သည့် ကားကို လွယ်လင့်တကူ ဝယ်ယူနိုင်မည့် Messenger Chat Bot ကို ဖန်တီးထားသဖြင့် ၎င်းကိုအသုံးပြုကာ အသုံးပြုသူများအနေဖြင့် ကားရောင်းလိုခြင်း၊ ဝယ်လိုခြင်းများကို စိတ်ကြိုက်ဆောင်ရွက် နိုင်မှာလည်း ဖြစ်ပါတယ်။ အမှန်တကယ် မော်တော်ယာဉ် ဝယ်ယူသူများကို စွဲဆောင် နိုင်လာခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ Facebook အသုံးပြုသူတိုင်း Mycar.com.mm ကို လွယ်လင့်တကူ အသုံးပြုနိုင်ရေးအတွက် ကျွန်တော်တို့မှ ထောက်ပံ့ပေးသွားမှာလည်း ဖြစ်ပြီးပါတယ်။ Mycar.com.mm တွင် ပါဝင်နေသော User တစ်ဦးချင်းစီကို ကျွန်တော်တို့မှ အလေးထားပြီး ကောင်းမွန်သော ဝန်ဆောင်မှုများကို ဖန်တီးပေးသွားမှာလည်းဖြစ်ပါတယ်။ တစ်နေရာတည်းတွင်၊ ကားနှင့် ပတ်သက်သည့်အရာများကို ရှာဖွေနိုင်ပြီး ကားဝယ်ယူလိုသူများအတွက် ရွေးချယ်စရာအများအပြား ဖြစ်နေစေရန် ကျွန်တော်တို့မှ ဖန်တီးပေးသွားမှာလည်းဖြစ်ပါတယ်။ ဒီအပြင်ကို ဘာပြီးရင်၊ ဘာလာမယ်ဆိုတာ သိရှိပြီးနေသော ကားဈေးကွက်အတွက် ကျွန်ုပ်တို့ Mycar.com.mm မှ အသစ်အဆန်းများကို ဖန်တီးပေးသွားမည်ဖြစ်ကာ ပြည်တွင်းကားဈေးကွက်လိုအပ်ချက်ကို ဖြည့်စီးပေးသည့် Automotive Website တစ်ခု ဖြစ်လာနိုင်ရန် ရည်ရွယ်ထားပါတယ်။ ထို့အပြင် ကျွန်တော်တို့ ကုမ္ပဏီမှ ၂၀၁၄ ခုနှစ်တွင် စတင်ထုတ်ဝေသော Car Journal လည်း ရှိနေခြင်းကြောင့် တစ်နည်း ပြောရလျှင် ကားဈေးကွက်နှင့် မစိမ်းသည့်ကုမ္ပဏီတစ်ခုဟု ဆိုရမည်လည်းဖြစ်ပါတယ်။ ၁၅ ရက် တစ်ကြိမ် ထုတ်ဝေသော အဆိုပါ Car Journal ကိုလည်း မြန်မာ နိုင်ငံအနှံ့အပြားတွင် ဝယ်ယူရရှိနိုင်ပါတယ်။ ယင်းအတွက်ကြောင့် ကျွန်ုပ်တို့ Mycar.com.mm အနေဖြင့် မြန်မာနိုင်ငံက မော်တော်ယာဉ် အသုံးပြုသူ တစ်ဦးချင်းစီတိုင်း၊ မော်တော်ယာဉ် ရောင်းချလိုသူ၊ ဝယ်ယူလိုသူ တစ်ဦးချင်းစီတိုင်း၊ ကားအပိုပစ္စည်းနှင့် အလှဆင်ပစ္စည်းများကို ရှာဖွေလိုသူများကို မတူညီကွဲပြားသော ဝန်ဆောင်မှုများဖန်တီးပေးသွားနိုင်ရန် ရည်ရွယ်ထားပါတယ်။